Release date : 2018-10-03
Production country :
France
Production company :
Pathé, M6 Films, 74 Films
Durasi : 99 Min.
Popularity : 1
4.80
Total Vote : 391
ပထမဇာတ်လမ်းက အာလာဒင်ဟာ နန်းတော်ကြီးမှာ ရွှေနန်းပြောင်ပြောင်းနန်းဆောင်ဆောင်နဲ့နေရပြီး အရင်လိုစွန့်စား ခန်းတွေမရှိတော့တဲ့ သူ့ဘဝကြီးကိုပျင်းနေပါတယ်။ မင်းသားဖြစ်သူ အာလာဒင်ဘာမှသေချာမစီမံပေးနိုင်တာကြောင့် အဆင်မပြေ ဖြစ်နေရတဲ့တိုင်းပြည်ကြီးကို ရှားဇမန်ဆိုတဲ့သူရောက်လာပြီး တိုင်းပြည်သိမ်းဖို့ လုပ်တဲ့အခါ အင်အားမသာ တာကြောင့် အရေးနိမ့်ပြီး မင်းသားအာလာဒင်အနေနဲ့ ထွက်ပြေးရပါတော့တယ်။ အခက်အခဲတွေရောက်နေတဲ့ အာလာ ဒင်ဟာ သူလွှတ်ပေးခဲ့တဲ့ သူရဲ့ဂျင်းနီကိုပြန်ရှာတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံရမယ်၊ ထွက်ပြေးသွားတဲ့ အာလာဒင် ကို ယုံကြည်မှုကင်းမဲ့သွားတဲ့ မင်းသမီးရဲ့ယုံကြည်မှုကို ဘယ်လိုပြန်ရအောင်ကြိုးစားရမယ်၊ ဇာတ်လမ်းထဲမှာ ဘယ်လို လှည့်ကွက်မြုပ်ကွက်လေးတွေပါမယ်ဆိုတာကို ဟာသလေးတွေနဲ့ တောက်လျှောက်ကြည့်ရင်း ဘဝအမောတွေပြေရစေဖို့ ဒီတစ်ခါညွှန်းလိုက်ရတဲ့ကားလေးကတော့ Aladdin 2(2018) ပဲဖြစ်ပါတယ်ခင်ဗျာ။
Related Movies✨

1965

1967

1985

1962

2001

2024

1989

1990

2006
