Release date : 2004-05-06
Production country :
United States of America
Production company :
NBC
Durasi : 48 Min.
Popularity : 110.2086
8.43
Total Vote : 8388
ဇာတ်လမ်းလေးကတော့ ရိုးရိုးလေးပဲ။ နယူးယော့ခ်မြို့မှာနေတဲ့ သူငယ်ချင်းခြောက်ယောက်ရဲ့ ဇာတ်ကြောင်းကို အချိန်နဲ့တင်ဆက်ပြသွားတာပါပဲ။ဒီလို Situational Comedy ဆိုတဲ့ Sit-com တွေကို ကြားကနေ ဟိုဖောက်ဒီဖောက်ကြည့်လည်း ဘာမှမဖြစ်ပေမယ့်လို့ စီဆင်အများကြီးကို အစကနေ အဆုံးထိ ကြည့်ပြီး ဘယ်ဇာတ်ကောင်ရဲ့ ဘယ်အကျင့်စရိုက်က ကိုယ်နဲ့သွားတူလို့ သဘောကျမိတာမျိုး၊ ကြည့်တာကြာလာလေလေ ကိုယ်နဲ့ရင်းနှီးလာပြီး ဇာတ်ကောင်တွေရဲ့ အကျင့်စရိုက်က ကိုယ့်ပေါ်ထင်ဟပ်လာတာမျိုးက Sit-com တွေရဲ့ အနှစ်သာရပေါ့။ ဒီစီးရီးကြည့်ပြီးလည်း Ross လို PhD မရချင်နေ၊ Rachel လို ဖက်ရှင်အမြင်မရှိတာထား၊ Monica လို ဟင်းချက်ကျွမ်းတာကနောက်မှ၊ Joey လို စော်မကြည်ဘူးထား၊ Phoebe လို သီချင်းမစပ်တတ်ချင်နေ၊ သေချာတာတစ်ခုကတော့ Chandler လို အရွဲ့တိုက်တတ်သွားမယ်ဆိုတာပါပဲ။ဒီကာလကြီးမှာ ခင်ဗျားတို့အနေနဲ့လည်း အပန်းဖြေစရာ အိုအေစစ်လေးတစ်ခု လိုကိုလိုနေမှန်း ကျွန်တော်တို့လည်း သိပါတယ်။ ဒီတော့ ဒီစီးရီးကြည့်ပြီး လောကကြီးကို ရယ်ရယ်မောမောနဲ့ အရွဲ့တိုက်လိုက်ကြတာပေါ့ဗျာ…။
Related Movies✨

1995

1998

1960

2002

1999

2005

1987

2007

1979

1996

1982
